ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ
Nov 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝတိုးတက်ရေးတို့ကိုရည်ရွယ်၍ တောင်သူလယ်သမားများ လိုအပ်သောစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀၂၃-ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။