ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း  နိုဝင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ညောင်တုန်းမြို့နယ်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီတို့မှတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများကို ယမန်နေ့ညနေ ၅နာရီခွဲအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီ‌ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦး‌ ကျော်စိုးနှင့်အဖွဲ့ဝင်များက ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စုရှိ ဇာမဏီဆန်စက်နှင့် အမှတ်(၇)ရပ်ကွက်ရှိ စိုးပြည့်အောင်ဆန်စက်တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးများဝယ်ယူကြိတ်ခွဲ အဖွဲ့သို့အပ်နှံပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မား ရေးကြီးကြပ်မှုကော်မတီတို့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတာဝန်ခံများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ၊ နေကြာ၊ ပိုက်ဆံလျှော်များအားလျာထားချက် ပြည့်မီ‌ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)