သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ နှုတ်မှုစွမ်း ရည်ပြိုင်ပွဲကျင်းပ
Nov 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ(၂၉)ရက်၊ နံနက်(၉)နာရီအချိန်က နှုတ်မှုစွမ်းရည်ပြိုင် ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲကျင်းပ
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့ ညပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ရေဆင်းတန်ဆောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။
သာယာဝတီမြို့နယ် အ.ထ.က (သဲဖြူ) တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Nov 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွဲကျေးရွာအုပ်စု၊ အ.ထ.က (သတ်သဲဖြူ) ကျောင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျွဲသတ်ကျေးရွာအုပ်စု၊ အ.ထ.က (သဲဖြူ) ကျောင်းတွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Nov 29,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုးခြင်းအခမ်းအနားများသို့ တက်ရောက်
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကဒပ္ပနကျေးရွာ ကုန်ထုတ်ဂ၀ံလမ်း (၀/၃.၃၃မိုင်x၁၂´x၀´x၉´) နှင့် ကွန်ကရစ်တံတား (၁၂´x၁၄´) နှင့် BOX colvert တံတား (၆´x၂၀´) ကုန်ကျငွေကျပ် ၁၁၃.၄ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့် ၀န်ထမ်းများမှ ၂၈.၁၁.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရေးအတွက် ကျေးရွာလမ်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကျွန်းလှမြို့၌ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ
Nov 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ စားအုန်းဆီ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တစ်ခေါက် တစ်ခါ အရောက်လာစေချင်သည် သမိုင်းဝင်မုလအိဆံတော်ရှင် စေတီဆီ
Nov 29,2023
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် မြဝတီမြို့မှ အရှေ့ဘက်အရပ်တွင်တည်ရှိပြီး မိုင်ပေါင်း အားဖြင့် (၅၄) မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ( ၆၅၇၈ ) ပေခန့်တွင်တည်ရှိပြီး တောင်ပေါ်ကရင်(စကော ကရင်) လူမျိုးများ အများဆုံး  နေထိုင်ကြပြီး တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းဖြင့် ဖွဲ့စည်းထားသော  မြို့တစ်မြို့ ဖြစ်သည်။ စုကလိမြို့ တာနောထကျေးရွာတွင်တည်ထား ကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မှာ နာမည်ကျော်ကြား ထင်ရှားလှ သည်။ မြန်မာပြည်သူ/သားများသာမက ထိုင်းနိုင်ငံရှိလူမျိုးများပါ သက်ဝင်ယုံကြည်ကိုးကွယ်ကြသည်။