ချမ်းမြသာစည် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ချမ်းမြသာစည်မြို့နယ်ရုံး ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အမှတ် (၂၈) အခြေခံပညာ အထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄) ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ချမ်းမြေ့