ညောင်လေးပင် နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့" ဆောင်ပုဒ်နဲ့အညီ ယနေ့နံနက်(၁၁)နာရီက ပြွန်တန်ဆာဘိုးဘွားရိပ်သာ၌ ရဟန်း၊ သီလရှင်၊ ဘိုးဘွားများနှင့် ရိပ်သာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ပြွန်တန်ဆာမြို့ ဘိုးဘွားရိပ်သာရှိ ရဟန်း၊ သီလရှင်၊ ဘိုးဘွားများနှင့် ရိပ်သာဝန်ထမ်းများ စုစုပေါင်း(၃၄)ဦးတို့အား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာစောကလျာ၊ ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာကျော်စောဝင်းမောင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)