ပဲခူးမြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူး နိုဝင်ဘာ ၂၉

ပဲခူးမြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ပဲခူးမြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ဗလငါးတန်ဖြင့်ပြည့်စုံသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်၊ အသိပညာ၊ အတက်ပညာနှင့်ပြည့်စုံသည့် လူငယ်များအဖြစ်ပေါ်ထွန်းလာရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတက်ပညာများ ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတက်သည့် အတွေ့အကြုံသစ်များ ရရှိပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်စသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက Moderator အဖြစ်ဆောင်ရွက်ပြီး Grade-9 မှ မဇူးဇူးအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မစန္ဒကူးလွင်က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မအေးထက်ထက်ကျော်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ရန်ပိုင်စိုးကလူငယ်နှင့်နည်းပညာ” ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် သုံးသပ်ဆွေးနွေးဖြေကြားပေးသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံများနှင့် သုတ၊ ရသစာအုပ် များကို လေ့လာမှတ်သား ကြည့်ရှုကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)