သတင်းများ

မိုင်းယုမြို့ရှိ ဌာနဆိုင်ရာရုံးများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Dec 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာရုံးများ သန့်ရှင်းသာယာလှပရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၏ ဦးဆောင်မှုနှင့်အတူ အပတ်စဉ်သောကြာနေ့တိုင်း မိမိတို့၏ ရုံးဌာနများ၌ သန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုလမ်မြို့ ပြည်သူ့ပန်းခြံတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Dec 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် ပြည်သူ့ပန်းခြံတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းဝေးခန်းမ၌ မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မွေးမြူရေး၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ဆိုလာစနစ်ဖြင့် မြေအောက်ရေတင်စိုက်ပျိုးခြင်း ကြည့်ရှု
Dec 01,2023
မွေးမြူရေး၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်-၁၄၁၁ ခ၊ တောင်သူ ဒေါ်လှကြည်၏ ယာမြေပေါ်တွင် တူးဖေါ်ထားရှိသည့် စက်ရေတွင်းအမှတ် (၈)၊ ဆိုလာစနစ်ဖြင့် မြေအောက်ရေတင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲက လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်
Dec 01,2023
ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အီးကေကိမ်းငင်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ခိုလမ်မြို့၊ အ.ထ.ကကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ
Dec 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။
ပွင့်ဖြူမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာပြိုင်ပွဲကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။