ကော့သောင်း နိုဝင်ဘာ ၃၀
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အ.လ.က.(ခွဲ)(၃) မိုင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲပြုလုပ် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းသားကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံအမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံ ချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့်အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအားတမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသား၊ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)