စေတုတ္တရာ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန မြို့နယ်လျှပ်စစ်ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးမီးများစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသက်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှ်ိသူများ၊ ဈေးတာဝန်ခံတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချနေသူများ၊ ဈေးအနီးလျှပ်စစ်မီးတိုင်များတွင် မီးကြိုးများသွယ်တန်းထားရှိမှုအပြင် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် ဆိုင်ခန်းအတွင်း လျှပ်စစ်ဝါယာကြိုးများတပ်ဆင်ထားရှိမှု၊ ရေကန်အတွင်း ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးနှင့် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ မီးကူးစက်ပျံ့ပွားနိုင်မှု၊ ဝင်ပေါက်/ထွက်ပေါက်သင်္ကေတနှင့် သတိပေးတားမြစ်စာသားများစသည်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပေးကြပြီး မီးဘေးလုံခြုံရေးအတွက် အစဉ်မြဲအသိသတိရှိကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)