ဒေးဒရဲ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် အခြေခံသိုင်းသင်တန်းအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်(၁၀)ခွဲက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က သင်တန်းများဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်လင်းဆွေးနွေးခြင်းနှင့် သိုင်းသင်တန်းနည်းပြဆရာ ဦးကျော်လင်းစိုးက သင်ကြားပြသပေးမည့် အခြေခံနည်းစနစ်များကို ဟောပြောခဲ့ပြီး အခြေခံသိုင်းနည်းစနစ်များကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါသိုင်းသင်တန်းကို မြို့ပေါ်ရပ်ကွက်များရှိ လူငယ်များ၊ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခဲ့ပြီး သင်တန်းကာလ (၂)ရက်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း