ပန်းဘဲတန်း ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉း၀၀)အချိန်က (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာလွင်က (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပန်းဘဲတန်းမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်မေသက်သက်ခိုင်က အမျိုးသားနေ့ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဟောပြောပြီး စာရေးဆရာမပေါက်ပေါက်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အ.ထ.က(၁)မှ ကျောင်းသူများအား (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဥာဏ်စမ်းမေးခွန်းများမေးမြန်း၍ အကြိုသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
မေသက်သက်ခိုင် (မြို့နယ်ပြန်/ဆက်)