မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သန်လျင်၌ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ သန်လျင်မြို့နယ်မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ ခရိုင်ရွေးကောက်ပွဲအရာရှိဦးမင်းသူက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးပုံအဆင့်ဆင့်ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်တစ်ဦးချင်း လက်တွေ့သရုပ်ပြမဲပေးခြင်းဆောင်ရွက်ကြရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်