မဟာအောင်မြေမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာသင်ကျောင်းများအား သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ

မဟာအောင်မြေ ဒီဇင်ဘာ ၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ (ထက်၊လယ်၊မူ) စာသင်ကျောင်းများရှိ ကျောင်းသား/သူများ ပညာရေးတတ်‌မြောက်ပြီး အသိပညာ၊ အတတ်ပညာ တတ်မြောက်သော ပညာရည်မြင့်မားသော၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက (အခမဲ့) လှည့်လည်ဝေငှဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့်ဝန်ထမ်းများမှ ‌(ထက်၊လယ်၊မူ)ရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများအား အသိပညာ ဗဟုသုတ ပေါကြွယ်ဝအောင် ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးဆိုသည်မှာသုခ၊ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတစ်စည်း ပေါင်း၍ ခေါ်‌ဝေါ်ခြင်းဖြစ်ကြောင်း၊ အေးအတူပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည်တည်နေကြောင်း စသည့်သတင်းစကား လက်ကမ်းစာစောင်ထဲမှ ဗဟုသုတဖြစ်စေသော အကြောင်းအရာများအား ကျောင်းသား/သူများ သိရှိနားလည်းစေရန် ရည်ရွယ်၍ (အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း