စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

စစ်ကိုင်း ဒီဇင်ဘာ ၄

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ အခမ်းအနားများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သင်ယူပြီး စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရန်နှင့် လေ့ကျင်းရင်းမှ ကျွမ်းကျင်မှုများရရှိလာပြီး မိမိကိုယ်ကို ယုံကြည်စိတ်ချလာမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူအချင်းချင်းလည်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှုများရရှိလာကာ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိလာကြမှာဖြစ်ကြောင်းနှင့် အခမ်းအနားမှူး တစ်ဦး၏ ရှိသင့်/ ရှိထိုက်သည့် အရည်အချင်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကာ တက်ရောက်ကြသည့် ဌာနဆိုင်ရာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြသည်။

အဆိုပ်သင်တန်းကို ဒီဇင်ဘာ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီ မှ (၁၂)နာရီ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်