ဟိုမိန်းမြို့၌ ပြည်သူများအား တီဘီရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်း အခမဲ့ ကွင်းဆင်းဆောင်ရွက်

ဟိုမိန်း  ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံတွင် ပြည်သူများအား တီဘီရောဂါ ရှိ/မရှိ ရှာဖွေစမ်းသပ်ကုသပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ ညနေ ၅ နာရီအထိ ဟိုမိန်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအိအိချော ဦးဆောင်သောအဖွဲ့နှင့် ဟိုမိန်းတိုက်နယ်ဆေးရုံမှဆရာဝန်ကြီး ဒေါက်တာစိုင်းရွက်ခေးနှင့် အဖွဲ့တို့ ပူးပေါင်း၍ တီဘီရောဂါရှာဖွေကုသရေးအတွက် Digital Portable X-ray ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း၊ သလိပ်ပိုးစစ်ဆေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများကို ပြည်သူများအား အခမဲ့ဆောင်ရွက်ပေးသည်။ 

အဆိုပါ တီဘီရောဂါရှာဖွေကုသပေးခြင်းကို ဟိုမိန်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာမှပြည်သူများအား ဒီဇင်ဘာ ၄ ရက်နေ့မှ ၅ရက်နေ့အထိ အခမဲ့ ကွင်းဆင်းစမ်းသပ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)