ခေါင်လန်ဖူးမြို့၌ ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် လူငယ်မိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ခေါင်လန်ဖူး ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီး မှူး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် ရဝမ်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဝမ်အမျိုး သားနေ့အထိမ်းအမှတ် လူငယ်များမိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။

ကွင်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း အကြံပေး ဦးပီတာ၊ မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးဒခွမ်ဖေရမ်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး ခေါင်လန်ဖူးမြို့နယ် ရဝမ်လူငယ်အသင်းဉက္ကဋ္ဌ ဦးနန်ဇေ့ဖုန်ဂါရမ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ကျားဘောလုံးပြိုင်ပွဲဝင်အသင်းပေါင်း ခုနှစ်သင်းနှင့် မ ဘောလုံးပြိုင်ပွဲဝင်အသင်း ပေါင်း (၅)သင်းတို့က ဒီဇင်ဘာ(၄)ရက်နေ့မှ (၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည့်အပြင် တေးဂီတဖျော်ဖြေ ရေးအစီအစဉ်များကိုလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲများကို လူငယ်များ ခရစ်တော်၌ တလုံးတဝတည်း စည်းလုံးညီညွတ်မှုရရှိလာစေရန်၊ မိမိယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ သမိုင်းဆိုင်ရာ အချက်အလက်များ ပိုမိုသိရှိ၍ ချစ်မြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊ လူငယ်များကျန်းမာကြံ့ခိုင်ပြီး မူးယစ် ဆေးဝါးအန္တရာယ်မှ ရှောင်ရှားတတ်လာစေရန်၊ လူငယ်တစ်ဦးချင်း အကျင့်စာရိတ္တကောင်းမွန်ပြီး လူမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ လူငယ်များကာယအားကစားကို ချစ်မြတ်နိုးပြီး စွမ်းရည်မြှင့်မားလာစေရန်၊ လူငယ်များ ခေါင်းဆောင်မှုနှင့် နောက်လိုက်ပါဝင်မှုဆိုင်ရာ စွမ်းရည်မြှင့်မားလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးဒခွမ်ဖေရမ်ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်