ပုဗ္ဗသီရိ ဒီဇင်ဘာ ၄
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဌာနမှ ၁ နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်-၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ဖြူသွယ်လှိုင်ပါ ၂ ဦးတို့က ကျည်တောင်ကန် - ၄ ရပ်ကွက်၊ ကျည်တောင်ကန်-၅ရပ်ကွက်နှင့် ကျည်တောင်ကန်-၆ရပ်ကွက်များအတွင်းရှိ အသက် ၁ နှစ်ခွဲအောက် ကလေးသူငယ် ၃၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၈ ဦးတို့အား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုး၊ အသည်းရောင် အသားဝါ ဘီရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ် ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)