အလုံမြို့နယ်၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ပွဲ

အလုံ ဒီဇင်ဘာလ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၉ နာရီခွဲက  အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းတို့က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ ကြိုတင်ပြင်ဆင်မှု၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သဒ္ဒါအသုံးအနှုန်း၊ စကားအသုံးအနှုန်းများ၊ အသံနေအသံထား  စသည့်အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀)  ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ () ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)