ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊   ပြင်ဦးလွင်မြို့တွင် (၂၀၂၃)ခုနှစ်၊  ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက   လူထုအခြေပြုဗဟိုဌာန   (Community Centre)   ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ပြောကြားပြီး အမျိုးသားနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုကျင်းပခဲ့ရာ  အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက   ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း   သိရသည်။

ခရိုင်(ပြန်/ဆက်)