ခမောက်ကြီး ဒီဇင်ဘာ ၅
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် အခြေခံပညာကျောင်းများတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့၊ မွန်းလွဲပိုင်းက ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာဟောပြောပွဲနှင့် ကဗျာစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးတင်ကြိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေများနှင့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးစိတ်ဓာတ်များ စသည့်အမျိုးသားအောင်ပွဲနေ့ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မျိုးချစ်အမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့် ကဗျာရေးစပ်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းအဆင့်မှ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်မှ အစဉ်အလာမပြတ် တို့ဆင်နွဲအမျိုးသားအောင်ပွဲ ခေါင်းစဉ်ဖြင့် အသီးသီးဖြေဆို ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)