ကျိုင်းလပ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ တောင်သူများအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ ပဲမျိုးစုံစသည့် သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် နမ့်ငေါ့ကျေးရွာနေ ဦးကျလော၏ ယာခင်း၌ စိုက်ပျိုးထားသော မြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“မြေပဲအထွက်နှုန်းကောင်းစေရန် မျိုးစေ့ကို ခပ်ကျဲကျဲစိုက်ပျိုး မျိုးစေ့မချခင်မှာ ထွန်ရေးကောင်းအောင် မြေကို ညက်နေအောင်ထွန်ရပြီး သဘာဝမြေဩဇာ များများကျွေးပြီး ပေါင်းသင်ဆေးဖျန်းရကြောင်း မျိုးစေ့ချတဲ့အချိန်မှာ တစ်စေ့နှင့်တစ်စေ့ တစ်ထွာကျော်ကျော် အတန်းလိုက်စိုက်ပျိုးရပြီး အပင်ပေါက်ကလေးများထွက်ချိန်တွင် ငှက်များ ခိုများ မစားရအောင် အထူးဂရုပြုရကြောင်းလည်း” နမ့်ငေါ့ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးကျလော၏ ထပ်မံပြောကြားချက်အရ သိရသည်။
ကျိုင်းလပ်မြို့အနေဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်ပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မြေပဲမျိုးများ ဖြန့်ဖြူးပေးလျက်ရှိပြီး မြေပဲစတင်စိုက်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ နည်းပညာများ ကူညီပံ့ပိုးလျက်ရှိကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)