မိုင်းယုမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယု ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက “ဒီဇင်ဘာလအပတ်စဉ် စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ကြရေး၊ မြို့သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ယာယီနေရပ်စွန့်ခွာသူများ ဒေသတွင်းသို့ဝင်ရောက်ပါက သတင်းပေးပို့ရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး တောင်ယာနှင့် တောတောင်များ မီးမရှို့ရေးတို့ကို” ဆွေးနွေးခဲ့သည်။

ထို့နောက် နယ်မြေခံတပ်မှ ဗိုလ်အောင်ဆန်းယုက “ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး” ကိုလည်းကောင်း၊ မိုင်းယုမြို့ လဝကဦးစီးမှူး ဦးအောင်ပြည်စိုးက “ဒေသတွင်း တရားမဝင် လူဝင်/လူထွက်မရှိစေရေး ကြပ်မတ်စစ်ဆေးရေး” ကိုလည်းကောင်း၊ စခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက “တရားမဝင်လောင်းကစား ကျားဖြန့်ငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ” အကြောင်းတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မိုင်းယုမြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အားချာ