ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာလှပရေး စဥ်ဆက်မပြတ်ဆောင်ရွက်

ဒေးဒရဲ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များနှင့် မြို့ဝင်မြို့ထွက် လမ်းမများ သန့်ရှင်းသာယာလှပစေရေးအတွက် စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အား မြို့အင်္ဂါရပ်နှင့် ညီညွတ်၍ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ဝင်မြို့ထွက်နှင့် လမ်းလယ်ကျွန်းများတွင် အရိပ်ရအပင်နှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း၊ မြက်ပင်နှင့် အမှိုက်များ ရှင်းလင်းခြင်း၊ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လူသွားလမ်းများအား ဆေးသုတ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများက နေ့စဥ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အေဇာလင်း