မြန်အောင် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်က အခြေခံပညာအလယ်တန်းကျောင်း (လက်ပံရပ်)တွင် ကျင်းပခဲ့သည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများ၌ အခြေခံပညာအထက်တန်းအဆင့် ကဗျာ၊စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအလယ်တန်းအဆင့် ကဗျာ၊စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာမူလတန်းအဆင့်ပန်းချီပြိုင်ပွဲများတွင် "ထာဝစဥ်မမေ့ အမျိုးသားအောင်ပွဲနေ့" ခေါင်းစဉ်ဖြင့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၆) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)