ပန်ဆောင်မြို့၌ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

ပန်ဆောင် ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ကျေးရွာအရောက် မြေပြင်ကွင်းဆင်းသွားရောက်ပြီး တာဝန်ရှိသူတို့ကကျေးရွာ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့ကျေးလက်ဦးစီးဌာနမှ သိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် နန်းယွန်းမြို့နယ်ကျေးလက်ဦးစီးဌာနက မြို့နယ်ဦးစီးမှူးနှင့် နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာလပိုင်းက ပန်ဆောင်မြို့ နောင်းယန်း ကျေးရွာအုပ်စုနှင့်နီဟိရပ်ကွက် မြေသားလမ်းဖောက်လုပ်ပြီးစီးနေမှု အခြေအနေများကိုကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာကျေးရွာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ယင်းလိုအပ်ချက်များကို သက်ဆိုင်ရာ ကျေးရွာကော်မတီနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ယင်းလုပ်ငန်းများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တွင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဂျာယော် (ပန်ဆောင်)