ကာမိုင်း ဒီဇင်ဘာ ၅
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က ကာမိုင်းကျောင်းနှင့် အ.ထ.က (ခွဲ) မြို့မ-၂ ကျောင်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့၊ အမျိုးသားရေးစိတ်ဓါတ်အမွေကို ဆက်လက်ခံယူ၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၇-၁၁-၂၀၂၂ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်) အမျိုးသားရေးတာဝန်၊ (ဗိုလ်ချုပ်အောင်ဆန်း၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသောမိန့်ခွန်းမှကောက်နုတ်ချက်) အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ၂၀၂၃ခုနစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်ချက်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်စို့စသည့် ဆောင်ပုဒ်နှင့် (၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ထုတ်မြန်မာ့အလင်းသတင်းစာမှ) အမျိုးသားနေ့ မမေ့အပ်ရာဟူသော ကဗျာပါရှိလက်ကမ်းစာစောင်များကို မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်ရွှေဇင်းဦးနှင့်ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဆိုင်း (ပြန်/ဆက်)