တာလေ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ သမိုင်းအကျဉ်း၊ ကိုရင်ထွန်းလွင်(သမန်းကန်)တံတားဉီး၏ “အမျိုးသားနေ့တို့မမေ့” ကဗျာ၊ ရန်ကုန်ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဉီး၏ အမည်၊ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ဉပဒေ၊ အမျိုးသားပညာရေးအမည်ဖြင့် ကောက်နုတ်ဖော်ပြချက်များ၊ ကာတွန်းများဖြင့် ဝေဝေဆာဆာ ထည့်သွင်းပြသထားကြောင်း သိရသည်။
ထို့ပြင် ပြသထားသော နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုသူ အများပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)