ရွှေကူမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရွှေကူ ဒီဇင်ဘာ

(၁၀)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက မိမိတို့ဌာန အနေဖြင့်  ကျောင်းသားကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး လုပ်ငန်းများ၊ ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့လူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲသတိရစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ပိုမိုရင့်သန်စေရန်ရည်ရွယ်၍  ၂၀၁၃ ခုနှစ်  ဒီဇင်ဘာ လ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက စိတ်အားတက်ကြွစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသားကျောင်း သူများအား မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိမှ ပုံပြင်စာအုပ်များနှင့် ဉာဏ်စမ်းပဟေဠိ စာအုပ်များအား မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်၊ပြန်/ဆက်