ကျောက်ဆည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ညနေ(၄)နာရီက ကျောင်းသား/ကျောင်းသူများ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်ရေးအစဉ်အစီများ ဆောင် ရွက်ရာတွင် အောင်မြင်ရေး ကျောင်သား/ကျောင်းသူများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု အကောင်အထည်ဖော်ရေးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဆရာမကြီး ဒေါ်လဲ့လဲ့အေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများက အုပ်စုအလိုက် ကျောင်းသားများပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန်အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်းခေါင်းစဉ်ဖြင့် စီမံချက်ရေးဆွဲယှဉ်ပြိုင်ကြရာ အုပ်စု(၅)မှ ပထမ၊ အုပ်စု(၃)မှ ဒုတိယ၊ အုပ်စု(၆)မှ တတိယဆုများ ရရှိခဲ့ပြီး ဆုရရှိခဲ့သော အုပ်စုများအား ခရိုင်ပညာရေးမှူး ဒေါက်တာ ဥမ္မာကြည်နှင့်တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပညာရေးကဏ္ဍ၏ နောက်ခံအကြောင်းအရာများနှင့် အခြေခံမူများ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုဆိုင်ရာ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု အခြေခံအချက်များ၊ စိတ်နှင့်စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်း အခြေခံအချက်များ၊ သင်ယူမှုဝန်းကျင်ကောင်း အခြေခံအချက်များ၊ သန့်ရှင်၍ စိမ်းလန်းစိုပြည်သော ကျောင်းများ၏ အခြေခံအချက်များ၊ ငြိမ်းချမ်းမှုပညာရေး အခြေခံအချက်များ၊ ပညာရေးတွင် ဆယ်ကျော်သက်လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုများအကြောင်း သင်ကြားဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းသို့ အခြေခံပညာအထက်တန်း၊ အထက်တန်းကျောင်း-ခွဲ၊ အလယ်တန်း၊ အလယ်တန်းကျောင်း-ခွဲ၊ မူလတန်းလွန်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)