ဂွ ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေ သည့် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အသိပညာပေး အခမ်းအနားတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
လက်ကမ်းစာစောင်တွင် ၂၀၂၃-ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်အမွေဆက်ခံသူ၊ အမျိုးသားရေးတာဝန်၊ ရန်ကုန်ယူဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့ကြသော ကျောင်းသားကြီး(၁၁)ဦး၊ အေးအတူပူအမျှ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆောင်ပုဒ်များ၊ ကဗျာများ၊ ကာတွန်းများပါဝင်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်