ဝေါ ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အခြေခံပညာဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကို ယမန်နေ့၊ နံနက်ပိုင်းကစတင်၍ ကျောင်းအလိုက်ကျင်းပခဲ့ကြပြီး၊ မြို့နယ်အဆင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ကဗျာရေးပြိုင်ပွဲ၊ ပန်းချီရေးဆွဲပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ဝေါ)ရှိ ခိုင်သဇင်ဆောင်တွင်ကျင်းပကြောင်း သိရသည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲများပြုလုပ်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်းရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် (၃၀)ဦး၊ ကဗျာရေးပြိုင်ပွဲတွင် (၁၅)ဦး၊ ပန်းချီပြိုင်တွင် (၂၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)