အလုံ ဒီဇင်ဘာလ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်း ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမအေး (ရန်ကုန်တက္ကသိုလ်) က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အမျိုးသားရေးစိတ်ဓါတ်နိုးကြားစေခဲ့သော အမျိုးသားနေ့ကို မမေ့အပ်ကြောင်း၊ အမျိုးသားပညာရေးစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကို ဟောပြောပွဲမှရရှိသော အသိပညာဓဟုသူတများအကြောင်းကို ဥာဏ်စမ်းမေးမြန်းခဲ့ပြီး အမှန်းဆုံးဖြေဆိုနိုင်သူ (၃) ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်များပေးအပ်ခြင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီက ကျေးဇူးစကား ပြန်လည်ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနားတွင်ရောက်ရှိလာသူများအား ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)