ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နေ့လယ်(၁း၃၀)အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ကြူကြူခိုင်က ပြိုင်ပွဲကျင်းပရခြင်းမှာ ကလေးငယ်များဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်လိုစိတ် ရှိစေရန်ရည်ရွယ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီးနောက် အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံအကြောင်းဟောပြောပြီး ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲကိုဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက်ဗဟုသုတရရှိစေမည့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခဲ့သည်။ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုလာတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဆေးရောင်ခြယ်ခြင်း၊ ပန်းချီရေးဆွဲခြင်းများ၊ ပန်းချီရေးဆွဲနည်းများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို စဥ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်