ကျောက်ပန်းတောင်း ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ် သိမ်းခြင်းကို၊ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က၊ ကွင်းအမှတ်-၂၂၆၈၊ ရွာမကွင်း၌ ဆောင်ရွက်ခဲ့ရာ၊ မြို့နယ် စံကွက် ရိတ်သိမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ကိုင်းကျေးရွာအုပ်စု တောင်သူဦးသာဩ၏ ဆင်းသုခ စပါး (၀.၇၄)ဧကအား ရိတ်သမ်းခဲ့ရာ၊ (၁)ဧက အထွက်နှုန်း (၁၃.၄၇)တင်းနှင့် တောင်သူ ဦးကျော်မြင့်၏ ဆင်းသုခစပါး (၀.၃၂)ဧကတွင် (၁)ဧက အထွက်နှုန်း (၉၉.၇၈)တင်းနှင့် (၀.၃၂)ဧကတွင် (၁)ဧက အထွက်နှုန်း (၁၀၁.၇၄)တင်း ထွက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စံကွက်စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ကိုင်းကျေးရွာအုပ်စု စံကွက်ရိတ်သိမ်းရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကွင်းတာဝန်ခံဝန်ထမ်းများ၊ ကိုင်းကျေးရွာမှ စပါးစိုက်တောင်သူများ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)