မှော်ဘီ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ယာဉ်စည်းလမ်းစည်းကမ်းအဖွဲ့များမှ ဟောပြောပွဲအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်ပတ်တန်းကျေးရွာအုပ်စု၊ တလိုင်းကုန်းကျေးရွာဘုန်းကြီးကျောင်း၌ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်က အမှာစကားပြောကြားပြီး အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှယာဉ်ထိန်းဒုရဲမှူးဝင်းအောင်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်ထိန်းနေလျှင်ဖုန်းပြောဆိုမှုနှင့် အရက်သေစာသောက်စားထားခြင်းမှရှောင်ကြည်ရန်နှင့် ဆိုင်ကယ်မောင်းသူများမှလည်း ဆိုင်ကယ်စီးဉီးထုပ်များဆောင်း၍စီးနှင်းကြရန် ဆိုင်ကယ်စီးလျှင်လည်း သတ်မှတ်ထားသည့် ဉီးရည်ထက်သုံးယောက်မစီးရန် ဟောပြောဆွေနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မှော်ဘီမြို့နယ် အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲမေများမှယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော လက်ကမ်းစာဆောင်များအား အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဉီးဝင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမြင့်အောင်၊ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတိရဲမှူးဝင်းအောင်နှင့်အဖွဲ့ယာဉ်ထိန်းရဲမေများ၊ ပတ်တန်းကျေးရွာအုပ်စု၊ မင်းရွာ၊ ပသီ၊ မိုးကြိုးပစ်၊ လှပဒါး၊ မှော်ဘီချောင်းဝစသည့် ကျေးရွာများမှကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းဇော်(မှော်ဘီ)