အင်တော ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို ဒီဇင်ဘာလ၅ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်လှလှထွေးက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အထက်တန်းအဆင့် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲကို အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)