သတင်းများ

လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ရေစကြိုမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ပြုလုပ်
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း မြတမာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများ တက်ရောက်ဖွင့်လှစ်ပေး
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ တွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Dec 08,2023
၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရရှိကြသော ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစံကွက်ရိပ်သိမ်းရာ (၀.၁၀)ဧက စံကွက်အထွက်နှုန်း ၉.၂ တင်း အစိုထွက်ရှိ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာအုပ်စု၊ နန္ဒာမြောက်ကျေးရွာရှိ၊ ကွင်းအမှတ် ၄၅၁၊ တောင်သူ ဦးခင်မောင်စန်း၏ မိုးစပါးစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက စံကွက်ရိတ်သိမ်းခဲ့ကြသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တွင် ပြည့်စုံအောင် ဖြည့်သွင်းနေမှုများအား နေပြည်တော်ကောင်စီဝင်များ လာရောက်ပူးပေါင်း ဆောင်ရွက်
Dec 08,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှုးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ ဖြည့်စွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ပြည်စုံစေရန် ရေးသွင်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။
ငပုတောမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နွေစပါးစိုက်ပျိုးနေမှုနှင့်  ပိုက်ဆံလျှော်ကြဲပက်ပွဲ၊ နေကြာမျိုးစေ့ကြဲပက်ပွဲ အခမ်းအနားတက်ရောက်
Dec 08,2023
ဧရာဝဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် စမ်းစဉ့်အိုးဖိုးကျေးရွာ အုပ်စုမြက်တိုဝဲကြီး ကျေးရွာတွင် နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများထံလိုအပ်သည်များကိုမှာပြီး၊ တမန်ချောင်းကျေးရွာအုပ်စု၌ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲနှင့် နေကြာမျိုးစေ့ကြဲပက် အခမ်းအနားသို့ တက်ရောက်ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းကြဲပက်ကြသည်။