လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က လှိုင်းဘွဲ ကျောင်းသား/ကျောင်းသူများမှ “ဇာတိမာန်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အ.ထ.က-လှိုင်းဘွဲမှ ကျောင်းသူတစ်ဦးမှလည်း “မြန်မာ့ကြွေးကြော်သံ” တေးသီချင်းဖြင့် ဆက်လက်သီဆိုဖျော်ဖြေပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်ချီပြိုင်ပွဲတို့တွင် ဆုများရရှိသော ကျောင်းသား ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စခန်းမှူးနှင့် မြို့နယ်လဝကမှူးတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က-လှိုင်းဘွဲ ကျောင်းသား/ကျောင်းသူများမှ “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (ဖဆပလ)အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ၌ ပြောကြားသည့်မိန့်ခွန်း ကောက်နှုတ်ချက်များအပြင် ဆောင်းပါးများ၊ ကဗျာများ၊ ဆောင်ပုဒ်များနှင့် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် လက်ကမ်းစာစောင်းများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောဖိုးခွား(ပြန်/ဆက်)