(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့ပတ်တာဝေး စက်ဘီးစီးပြိုင်ပွဲကျင်းပ
Dec 08,2023
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ စက်ဘီးစီး အားကစားဝါသနာရှင်များက ပြိုင်ဘီးစီးပြိုင်ပွဲတွင် ၁၁၅ ဦး၊ ရိုးရိုးဘီးစီးပြိုင်ပွဲတွင် ၃၂ ဦး စုစုပေါင်း ၁၄၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။