သတင်းများ

ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် ဘာသာရပ်မိတ်ဆက်ရှင်းလင်း
Dec 08,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ် ကျောင်းသူ/သားများအား မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် ဘာသာရပ်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ပြုလုပ်ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော  နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၆ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြော
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မြို့မမူလတန်းကြိုကျောင်းတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းတွင် မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံးမှ သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေး  နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေး ရည်ရွယ်၍  နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းများကို ယနေ့နံနက် (၁၁)နာရီက ချောင်းဖျားကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အမှတ်(၁၃) (အ.ထ.က) ကျောင်း၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) (အ.ထ.က)ကျောင်း၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့ဝင် (၂) ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းနားအားအစီစဥ်(၃)ရပ်ဖြင့် ကျင်းပခဲ့ရာ
တွန်းဇံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ် အခမ်းအနားကျင်းပ
Dec 08,2023
ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်လင်းဦးနှင့် ဦးသိန်းလွင်(လဝက)၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြီးနှင့်ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြသည်။
ကာလိမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ‌ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။