ငပုတော ဒီဇင်ဘာ ၈
ဧရာဝဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် စမ်းစဉ့်အိုးဖိုးကျေးရွာ အုပ်စုမြက်တိုဝဲကြီး ကျေးရွာတွင် နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများထံလိုအပ်သည်များကိုမှာပြီး၊ တမန်ချောင်းကျေးရွာအုပ်စု၌ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲနှင့် နေကြာမျိုးစေ့ကြဲပက် အခမ်းအနားသို့ တက်ရောက်ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းကြဲပက်ကြသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာ တောင်သူဦးစံလှ၊ တမန်ချောင်းကျေးရွာ တောင်သူဒေါ်စန်းကြည်၊ ကမ်းနီကျေးရွာတောင်သူဦးစိုင်းကိုနှင့် တောင်သူဦးဖိုးနု၏ လယ်မြေတွင် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်နေမှုနှင့်၊ ဆီထွက်သီးနှံနေကြာမျိုးစေ့ ကြဲပက်နေမှုအား ကြည့်ရှု့အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုဝောာ)