ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစံကွက်ရိပ်သိမ်းရာ (၀.၁၀)ဧက စံကွက်အထွက်နှုန်း ၉.၂ တင်း အစိုထွက်ရှိ

ပုသိမ်ကြီး ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာအုပ်စု၊ နန္ဒာမြောက်ကျေးရွာရှိ၊ ကွင်းအမှတ် ၄၅၁၊  တောင်သူ ဦးခင်မောင်စန်း၏ မိုးစပါးစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက စံကွက်ရိတ်သိမ်းခဲ့ကြသည်။

နန္နာကျေးရွာ ကွင်းအမှတ် ၄၅၁ ဦးပိုင် ၁၅၀ ရှိ တောင်သူ ဦးခင်မောင်စန်း၏ မိုးစပါး ဧရာမင်း (၀.၁၀)ဧက ရိတ်သိမ်းပွဲသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ညှိနှိုင်းမှုကော်မတီဝင်များ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး၊ (၀.၁၀)ဧက စံကွက်အထွက်နှုန်းမှာ ၉.၂တင်း(အစို) ထွက်ရှိခဲ့သည်။

ဆက်လက်၍ အဆိုပါကျေးရွာစိုက်ခင်းများဘေး၌ ခင်းကျင်းထားသည့် ကုန်ထုတ်လမ်းအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းဂျင်းခင်းခြင်းကို ရှင်းလင်းပြသခဲ့ပြီး၊ တောင်သူ(၄၇)ဦး၊ စိုက်ပျိုးဧက (၉၈.၆၁) ဧကအား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)