သတင်းများ

ပုဇွန်တောင်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
မြစ်သားမြို့၌ ကြည်ပြာဥစားကြက်မွေးမြူရေးခြံမှ ကြက်ဥတစ်လုံးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ ကြည်ပြာဥစားကြက်မွေးမြူရေးခြံမှ ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ စားသုံးနိုင်‌ရေးအတွက် ကြက်ဥတစ်လုံးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဘုရားရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသင်တန်း (မင်းဂရု)အုပ်စုအဆင့် ဆွေးနွေးပွဲ ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာဒေသများ၏ ပညာရေးအထောက်အကူပြုရန်အတွက် အခြေခံပညာဆရာ၊ ဆရာမများ စိတ်ဓာတ်၊ စည်းကမ်း ခံယူချက်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသင်တန်း (မင်းဂရု)အုပ်စုအဆင့်ဆွေးနွေးပွဲနှင့် တစ်ရက်တာသင်တန်း အခမ်းအနားအား ယမန်နေ့နံနက်(၈း၃၀)က အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့ အ.ထ.က(၁)၏ (၃၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းသားကျောင်းသူဟောင်းများ စီစဉ်ကျင်းပသော (၃၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို တန်ဆောင်မုန်းလ ပြည့်ကျော်(၁၀)ရက် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
Dec 08,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် RCC တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။