အမရပူရ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသားကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာကို အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဖတ်ကြားခဲ့သည်။ ယင်းနောက် မြို့နယ်အဆင့် ၁၀၃ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ ကဗျာ၊စာစီစာကုံးတို့တွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သီဆိုပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)