(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဘုတ်ပြင်း ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ဆောင်ပုဒ်များ၊ ဗလငါးတန်နှင့်ပြည်စုံသည့် မျိုးချစ်စိတ်ရှိသည့် လူငယ်များ ဖြစ်ပေါ်ရေးစသည့်များ၊ စာအုပ်စာစောင်လေ့လာဖတ်ရှုခြင်းဖြင့်ရရှိမည့် အသိပညာဗဟုသုတများနှင့် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပရာ အလယ်တန်းကျောင်းသား ကျောင်းသူ(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများပြသထားရာ စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)