မန္တလေးစွယ်တော်မြတ်စေတီ(၂၈) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတွင် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီမီး ၉၀၀၀ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့်ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အမရပူရ ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး၊ မန္တလေး-ရန်ကုန် လမ်းဟောင်းဘေးတွင် တည်ထား ကိုးကွယ်တော်မူထားသည့် မန္တလေးစွယ်တော်မြတ်စေတီ တော်ကြီးတွင် လာမည့်နတ်တော်လဆန်း ၃ ရက်နေ့ညတွင် ၂၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီးမီး၉၀၀၀ထွန်းညှိပူဇော်ပွဲနှင့် ဝတ်ရွတ်ပွဲ၊နတ်တော်လဆန်း ၄ ရက်နေ့တွင် ပင့်သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နံနက်ပိုင်းက အဆိုပါ ဘုရားပရဝုဏ် အတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော​ဆပ်ကော်မတီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)