ကျိုက်ထို ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီတွင် ကျိုက်ထိုမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများမှ ပြည်မြန်မာတေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သ၀ဏ်လွှာကို ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းစိုးမှဖတ်ကြားခဲ့သည်။
ထို့နောက် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်တေးသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)