ဝါးခယ်မ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) လူငယ်နှင့်ပညာဆိုင်ရာစာစု ရေးသားထားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင် စာဖတ်ဝါသနာရှင် Book Club နှင့် Youth Club အဖွဲ့ဝင်များမှ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) လူငယ်နှင့်ပညာဆိုင်ရာစာစု ရေးသားထားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်အား ဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတမြင့်မားစေရန် ပြပွဲများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် Talk Show များပြုလုပ်၍ အသိပညာဗဟုသုတများရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)