မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)စိုက်ဧက ၁၁၀၀ အချိန်မီစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မုဒုံ    ဒီဇင်ဘာ   ၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကော့ပရံ၊ ကျောက်တလုံး၊ သာယာကုန်းကျေးရွာများနှင့် ဗဟိုခြံတို့တွင် ဆီထွက်သီနှံ(နေကြာ) စိုက်ပျိုးမည့် လယ်ဧကများ၊ နေကြာစိုက်ခင်းများကို ကြည့်ရှူစစ်ဆေးပြီး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မုဒုံမြို့နယ်တွင် ဒေသတွင်းစားရေးရိက္ခာဖူလုံစေပြီး တောင်သူများ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကို သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျင် ငွေကျပ် နှစ်သိန်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အပွင့်မပွင့်မီရေသွင်းစိုက်ပျိုးနိုင်ရေး၊ စပ်မျိုးနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)ကို ယခုနှစ်တွင် ၁၁၀၀ ဧကစိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သားငယ် (ပြန်/ဆက်)