အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။‌

ရှေ့ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး‌ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မ‌တီအဖွဲ့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို  vedio clip ဖြင့် ဖွင့်လှစ်ပြသခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်းများမှ သမီးငယ်လေးများက အကများဖြင့် သီဆိုကပြခဲ့ပြီး အဆိုပါ ကပြ‌ဖျော်ဖြေခဲ့သော သမီးငယ်လေးများအား တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီနာယကကြီး၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာနာယကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)